Business Plan:Channel
- Wai Yan Hein
- Oct 19, 2020
- 1 min read
📌 ကျွန်တော် ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Business Plan ရဲ့ငါးချက်မြောက်ဖြစ်တဲ့ Channel ပဲဖြစ်ပါတယ်။
-------------------------------------
(၁၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၅၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၃၈)ဦး တွေ့ရှိရပါသည်။
#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
-------------------------------------
Channel(ဦးတည်ရာလမ်းကြောင်း)လို့အနီးစပ်ဆုံးပြောလို့ရပါတယ်။ကိုယ့်လုပ်ငန်း၊ဆိုင်၊ကုန်ပစ္စည်းတစ်ခုကဘယ်အသက်အရွယ်လမ်းကြောင်းကိုဦးတည်သလဲဆိုတာလဲအရေးပါပါတယ်။
-------------------------------------
စားသောက်ဆိုင်လုပ်ငန်းဆိုရင် တခြား အလုပ်တွေနဲ့ ယှဉ်ရင် အပြိုင်အဆိုင် များပါတယ်..။ ဘယ်သူကမှ ဘယ်သူနဲ့မှ ပူးပေါင်း မလုပ်ချင်ကြပါဘူး။ ဒါ့ကြောင့်ဦးတည်သင့်ကတော့ကိုယ့်ရဲ့စားသုံးသူအသက်အငယ်ကြီးငယ်မရွေးကိုပါ။အစားအသောက်အရည်အသွေးကိုသာထိန်းထားပြီးတကယ်ရောင်းကောင်းရင် တကယ် မြတ်ပါတယ် ဆိုတာလဲလူတိုင်း သိကြပါတယ်..။ စားသောက်ကုန်တွေရဲ့အစားအစာကုန်ကျစရိတ် ဟာ ၂၅% ကနေ ၃၀% ပဲရှိတာပါ။ ဒါကြောင့်မို့ ပြိုင်ဖက်ကို သိပ်ဂရုစိုက်ရပါတယ်။ အမြဲသတိထားနေရပါတယ်။ ပြိုင်ဖက် ကလဲ ကိုယ့်ကို အမြဲစောင့်ကြည့်နေတာပါ။တခြားတဖက်မှာတော့ ပြိုင်ဖက်ဟာ ကိုယ့်အတွက် “တွန်းအား” တစ်ခုလိုသဘောထားပြီးကြိုးစားသင့်ပါတယ်။
-------------------------------------
ဆိုင်လုပ်ငန်းဆိုရင်လည်းအသစ်တွေ ပေါ်လာတာနဲ့အမျှ စားသုံးသူရဲ့ ပါဝါ မြင့်တက်လာပါတယ်..။ ဒါကို Buyer Bargaining Power လို့ခေါ်ပါတယ်..။ဆိုင်တွေများလာတာနဲ့အမျှ ကိုယ့်ဆိုင်ရောင်းအားတက်ရေးကအရေးကြီးပါတယ်။
စားသုံးသူဟာ သူ့အကြိုက်ကို တောင်းဆိုလာပါတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်ကိုစျေးချိန်ပြီးစျေးတန်တာကိုရွေးဝယ်ပါလိမ့်မယ်။
မရရင်တော့ ဆိုင်ပြောင်းသွားပါလိမ့်မယ်.။ ကိုယ့်ကိုယ်ကို ပဲ မေးကြည့်ရအောင်..။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ဆိုင် တစ်ဆိုင်ထဲကိုပဲ သွားဝယ်လေ့ရှိကြပါသလား..။ FOC ပေးတာ၊ Discount ချပေးတာ၊စျေးလျော့ပေးတာ၊ အိမ်အရောက်ပို့ပေးတာစတဲ့အချက်တွေအသုံးပြုခြင်းဖြင့်လည်းဝယ်သူတွေကြားမှာကိုယ့်ဆိုင်ဟာရေပန်းစားနေမှာပါ။
-------------------------------------
ကုန်ပစ္စည်းဆိုရင်တော့စားသုံးသူတွေရဲ့ အကြိုက်ကလဲ အမြဲပြောင်းနေတာပါ..။ နေ့စဉ် တမျိုးထဲကို စားတာ မဟုတ်တဲ့ အတွက် ကိုယ်ရောင်းနေတဲ့ အစားအသောက်ကို သတိထားဖို့ လိုပါတယ်..။ နောက်ထပ် အရသာ သစ် တစ်ခု ဖက်ကို ကိုယ့်စားသုံးသူဖေါက်သည်တွေ ခြေဦးမလှည့်ခင်မှာ ကိုယ့်ဖက်က ပြောင်းလဲ ပေးဖို့ လိုပါတယ်..။ ပြောင်းလဲရာမှာ အစားအသောက်ရဲ့ အရည်အသွေးကို ဆိုလိုတာ မဟုတ်ပဲ
1. အသွင်သဏ္ဍန်
2.အပြင်အဆင်
3.အခင်းအကျင်း
4.ဆက်ဆံရေး စတာတွေကို ပြောင်းလဲလိုက်ရင်တော့
ကိုယ့်ကုန်ပစ္စည်းဟာစားသုံးသူတွေကြားမှာရေပန်းစားလူကြိုက်များစေမှာပါ။
(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)
Contact Us☎+959-969-412669
Comments