top of page
Search

Business Plan:Company;Core Values

ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့

Business Plan:Company; Core Valuesထဲက

📌 Service High-Speed And High-Teach အ​ကြောင်းပဲဖြစ်ပါတယ်။

-------------------------------------

Service High-Speed And High-Teach ဆိုတာ

" စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ပေးခြင်း"

ဖြစ်ပါတယ်။

-------------------------------------

လူ့အလိုနတ်မလိုက်နိင်ပေမဲ့ လူ့အလိုကိုလူလိုက်နိင် ပါတယ်။အဝေးကြီးကအရာတွေကိုဥပမာမပေးတော့ပါဘူး။ကျွန်တော်တို့ရဲ့အနီးဆုံးမြန်မာနိင်ငံမှာအစားအများဆုံးဖြစ်တဲ့ ကွမ်းယာဆိုင်​တွေ ရဲ့ဝန်ဆောင်မူပဲဖြစ်ပါတယ်။

ကွမ်းယာဆိုင် တိုင်းမှာစားသုံးသူအခိုင်အမာရှိခြင်းက ဆိုင်ရှင်ရဲ့ကွမ်းကောင်းခြင်းမကောင်းခြင်းက အနည်းအကျဥ်းပါ။ထုံးပေါက်တာဘာညာကတော့ မရင်းနီးသေးတဲ့ဆိုင်ဖြစ်ကောင်းဖြစ်နိင်ပါတယ်။

ကျွန်တော့်သုံးသပ်ချက်အရကတော့ ဆိုင်ရှင်ရဲ့ဧည့်ဝတ်ပျူငှာမူအပေါ်မှာပဲအရေးကြီးတယ်လို့ထင်ပါတယ်။ ဆိုင်ရှင်ကကွမ်းယာဝယ်သူတိုင်းကို စကားစမြည်ပြောတယ်ပြီးတော့နောက်တစ်ယောက်လာတယ်ထပ်ပြောပြန်တယ်၊မငြီးမညူပါပဲ၊ သူ့ရဲ့ customerတစ်ယောက်ချင်းစီရဲ့နာမည်ကအစသူ့အိမ်ကခွေးနာမည်အထိပါမှတ်မိနေပါတယ်။

-------------------------------------

စားသုံးသူတစ်ယောက်ချင်းစီကိုဂရုတစိုက်ကောင်းမွန်တဲ့ ဝန်ဆောင်မူပေးခြင်းက အခြားဘယ်ဆိုင်၊ဘယ်ကုန်ပစ္စည်း၊လုပ်ငန်းကမှမရရှိဖူးတဲ့သူတစ်ယောက်ခြင်းစီရဲ့စိတ်ကို RS(relationship)ချိတ်လိုက်သလိုပါပဲ။

စကားကိုချိုသာစွာပြောတယ်၊ကုန်ပစ္စည်းတစ်ခုရဲ့သဘောသဘာဝကိုနားလည်အောင်ရှင်းပြပေးတယ်၊

စားသုံးသူရဲ့အရိပ်အကဲကိုသိပြီးလိုအပ်တာကိုမေးတယ်၊

စကားသိပ်မပြောချင်တဲ့သူကို မပြောဘဲလိုအပ်တာတွေလုပ်ပေးတယ်။ တခါတလေကြရင် ဝယ်သူအချို့မှာအိမ်ကပါလာတဲ့ခံစားချက်ကိုယ်စီနဲ့ဆိုတော့ စျေးဝယ်ရင်စိတ်မရှည်တဲ့သူ အော်ငေါက်သူ ဘယ်ဟာချက်ချင်လို့ဘယ်ဟာကိုဘယ်လိုဝယ်ရမလဲမသိ တဲ့သူတွေရဲ့ ရင်ဖွင့်ပြောပြချက်ကိုနားထောင်ပေးပြီးကူညီပေးတာ ကလည်း ဝန်ဆောင်မူပါပဲ။

ကိုယ့်ကုန်ပစ္စည်း ကိုယ့်ဆိုင်၊လုပ်ငန်းကို အမှတ်တရကောင်းတွေနဲ့ဘာဝယ်ချင်ချင်....ကိုယ်အမှတ်ရတဲ့ဆိုင်မှာ ရှိလားလို့အရင်ပြေးကြည့်မိ၊စဥ်းစားမိကြပါတယ်။

ဒါကြောင့်စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ပေးခြင်းဖြင့် RS ချိတ်ထားကြပါ။😁


(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)


Contact Us☎+959-969-412669


 
 
 

Recent Posts

See All
Untitled

Wai Yan Hein Furniture and Wood Trading would love your feedback. Post a review to our profile. https://g.page/r/CQHKhZ4T66L_EBI/review

 
 
 
Dear Entrepreneurs

📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းမှာရှိတတ်တဲ့ အမှားဒါမှမဟုတ်ထင်မှတ်မထားတဲ့အပြစ်အနာအဆာလေးတချို့က...

 
 
 
Sale Department Vs KPI

📌ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့Sale Department အရောင်းပိုင်းနဲ့ပတ်သတ်ပြီးဆွေးနွေးတင်ပြပေးချင်ပါတယ်။...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Wai Yan Hein. Proudly created with Wix.com

bottom of page