Business Plan:Customer
- Wai Yan Hein
- Oct 19, 2020
- 1 min read
📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Business Planရဲ့လေးချက်မြောက်ဖြစ်တဲ့ Customers ပဲဖြစ်ပါတယ်။
-------------------------------------
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၁၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၉,၆၅၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၈)ဦး တွေ့ရှိရပါသည်။
#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
-------------------------------------
Customers (စားသုံးသူများ)ကိုအကျယ်ချဲ့မယ်ဆိုရင်အချက်သုံးချက်ရှိပါတယ်။
1. သင်. Customer တွေကဘယ်သူတွေလည်း?
2.ဘာကြောင့်စားသုံးသူတွေက ဒီProduct(ကုန်ပစ္စည်း) ကို ဝယ်ဖို.လိုတာလည်း ?
4.တခြား လုပ်ငန်း၊ဆိုင် တွေဆီမှာ မဝယ်ဘဲ ကိုယ်.ဆီမှာ ဝယ်သင့်တာလည်း ?ဒါတွေကတော့ကျွန်တော်မေးလေ့ရှိတဲ့ မေးခွန်းသုံးခုဖြစ်ပါတယ်။တခါတလေ မေးခွန်းတွေက အဖြေဖြစ်တတ်ပါတယ်။ မေးခွန်းကောင်းတွေကနေ အဖြေကောင်းတွေလည်းရတတ်ပါတယ်။
-------------------------------------
ပထမဆုံးမေးခွန်းကိုဖြေကြည့်ပါ.....
လုပ်ငန်းတစ်ခု၊ဆိုင်တစ်ခု၊ကုန်ပစ္စည်းတစ်ခုရဲ့ Customer တွေကဘယ်သူတွေလည်းဖြေရင်
လွယ်ပါတယ်။ ဒါပေမယ်. ပြောသလောက်မလွယ်ပါဘူး။😁 Coca Cola လိုမျိုး နှစ်ပေါင်းတစ်ရာကျော်တဲ့ Company အတွက် Who are your customers? ဆိုရင် လူကြီးကလေး လူတိုင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့စျေးကွက်စဝင်မယ့် လုပ်ငန်း တွေအတွက် Target ကို အများကြီးဖြန့်လို့မရပါဘူး။ စျေးကွက်စရာမှာ စစ်မျက်နှာပြင်တွေ အများကြီးဖွင်.ရင် ဟစ်တလာလိုဖြစ်တတ်ပါတယ်။ဥပမာ W.Y.H Learning Center ရဲ. Customers (Students) တွေရဲ. 90% ဟာ Working Professionals တွေဖြစ်ပါတယ်။ဒီတစ်ဆင့် (Target Market) အောင်မြင်မှသာနောက်တစ်ဆင့်ဖြစ်တဲ့ SAM (Served Available Market) နဲ. TAM (Total Market) ကိုသွားသင့်ပါတယ်။
-------------------------------------
ဒုတိယမေးခွန်းကတော့ဘာကြောင့်စားသုံးသူတွေက
ကိုယ့်လုပ်ငန်းရဲ့Product(ကုန်ပစ္စည်း)သို့ ဝန်ဆောင်မူ ကို ဝယ်ဖို့(သို့)သုံးဖို့လိုတာလည်းဆိုတဲ့အကြောင်းပြချက်ခိုင်လုံမူရှိဖို့လိုပါတယ်။
"Coca Colaကြောင့် လန်းဆန်းတက်ကြွမယ်"
"KFCကြက်ကြော်အမှတ်တံဆိပ်မူလအရသာ"
"မန်းမြို့တော်ပေါက်စီရဲ့စွဲမက်ဖွယ်အနံ့အရသာ"
"မြန်မာအစားအစာတွေကိုကျန်းမာရေးနဲ့အညီချက်ပြုတ်ပြီးနိင်ငံတကာအဆင့်မှီဝန်ဆောင်မူပေးနိင်တဲ့ Yangon Tea House"စသည်ဖြင့် စားသုံးသူတွေရဲ့စိတ်ဆန္ဒလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးအရည်အသွေးထိန်းထားနိင်တဲ့အကြောင်းပြချက်တွေခိုင်လုံမှသာလုပ်ငန်းတစ်ခုဟာရေရှည်ရပ်တည်နိင်မှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းမှာ Do or Die မဟုတ်ပါဘူး။ Differentiate or Die ပါ။ စီးပွားရေးလုပ်ငန်းတွေ ကျရှုံးရတဲ့နံပတ်တစ်တရားခံဟာ Me Too Productsတွေကြောင့်ပဲဖြစ်ပါတယ်။
-------------------------------------
ဘာကြောင့် ကိုယ့်ဆီမှာ ဝယ်ရတာလည်းဆိုတဲ့ မေးခွန်းကိုတော့ဖြေစရာတောင်မလိုတော့ပါဘူး။ ကုန်ပစ္စည်းတစ်ခုရဲ့အရည်အသွေးကိုသာမူလပထမအရည်အသွေးတိုင်းနှစ်ပေါင်းကြာရှည်စွာထုတ်နိင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဝယ်သူတွေကလည်းကိုယ့်ဆီမှာပဲအားပေးနေကြမှာဖြစ်ပါတယ်။အရည်အသွေးအနည်းငယ်လျော့တာနဲ့ စားသုံးသူကသိတာမို့လို့ အမြတ်အတွက်မလုပ်ပဲရေရှည်အတွက်သာစဥ်းစားပြီး စားသုံးသူတွေကိုတော့အလေးထားပေးသင့်ပါတယ်။မလှည့်စားသင့်ပါဘူး။
(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)
Contact Us☎+959-969-412669
Comments