Business Plan:Customers
- Wai Yan Hein
- Oct 20, 2020
- 1 min read
📌 ကျွန်တော် ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Business Plan ရဲ့ခြောက်ချက်မြောက်ဖြစ်တဲ့ Customer ပဲဖြစ်ပါတယ်။
-------------------------------------
Customerလို့ပြောလိုက်တာနဲ့အမျိုးမျိုးရှိနိင်ပါတယ်။လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့အကြိုက်ခြင်းမတူနိင်ပါဘူး။လုပ်ငန်းတိုင်းရဲ့ထမင်းရှင်ဖြစ်တဲ့ စားသုံးသူတွေကိုဆွဲဆောင်ထားနိင်ဖို့ကအရေးကြီးလာပါတယ်။ ဝယ်သူတွေကိုအမျိုးအစားခွဲကြည့်ရင်
🤠 စျေးစစ်ပြီးမှသာဝယ်လိုသူ
😊 စျေးအတန်ဆုံးဆိုင်မှရှာဖွေဝယ်လိုသူ
🤗 ပစ္စည်းတူစျေးနှုန်းတူသော်လည်းဝန်ဆောင်မူ
ကောင်းသောဆိုင်မှသာ ဝယ်ယူသူ
🤓 ဝန်ဆောင်မူကောင်းသော်လည်းပစ္စည်း
အရည်အသွေးကောင်းကိုသာရှာဖွေဝယ်ယူသူ
စသည်ဖြင့်ရှိကြပါတယ်။အကုန်လုံးကိုခြုံကြည့်မယ်ဆိုရင်တော့ စားသုံးသူတစ်ယောက်ရဲ့ လိုအပ်ချက် နဲ့ လိုအင်ဆန္ဒ ကြောင့်ဝယ်လိုစိတ်ဖြစ်ပေါ်လာပါတယ်။လိုအပ်ချက်အရဝယ်ယူမူ ဆိုတာကတော့အိမ်အတွက်မဖြစ်မနေဝယ်ရတဲဆန်၊ဆီ၊ဆားမှအစကိုယ်တိုက်ဆပ်ပြာ၊မီးဖိုချောင်သုံးပစ္စည်းကနေ အသီးအရွက်စသည်ဖြင့်ဖြစ်တယ်။
လိုအင်ဆန္ဒအရဝယ်ယူမူ ကတော့စားသုံးသူကမိမိကိုယ်တိုင်လိုအပ်ချက်ထက်ကျော်လွန်ပြီးဝယ်ယူမူဖြစ်ပါတယ်။ဖိနပ်အမျိုးစားများစွာရှိပေမဲ့ပွဲအခမ်းအနားတွေတက်ဖို့ကြ ကျန်းမာရေးဖိနပ်စီးတဲ့သူမရှိသလောက်ရှားပါတယ်၊အဲ့ပွဲနဲ့ကိုက်ညီတဲ့ဖိနပ် စျေးမြင့်တယ်ဆိုတဲ့အရာတွေကိုသာဝယ်ယူဝတ်ဆင်ကြပါတယ်၊လူတစ်ယောက်ကပစ္စည်းတစ်ခုကိုလိုချင်တပ်မက်လာပြီဆိုလျှင်တော့ ဘယ်အရာကမျှမတားနိင်တော့ပါ။စျေးဘယ်လောက်ပင်ကြီးနေပါစေစုပြီးဝယ်သူ၊ချေးငှားဝယ်သူ၊မိမိမှာရှိနေတဲ့ပစ္စည်းကိုရောင်းချပေါင်နှံပြီးဝယ်သူ၊မိမိလစာတစ်ဝက်လောက်ကိုမနှမြောပဲထိုပစ္စည်းအားဝယ်ယူသူစသည်ဖြင့်မျိုးစုံ ရှိနိင်ပါတယ်။ဒီလိုဖြစ်ရစေတဲ့အဓိကအကြောင်းအရင်းကတော့ ကုန်ပစ္စည်းတစ်ခုရဲ့အရည်အသွေးခိုင်မာမူ၊ကြော်ငြာအားကောင်းမူ၊ဝန်ဆောင်မူအားကောင်းမူ၊ထုပ်ပိုးမူပုံစံလှပမူစသည်တို့ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဝယ်သူတွေရဲ့လိုအပ်ချက်ကိုရောင်းချတာထက်လိုအင်ဆန္ဒကိုဖြစ်ပေါ်စေတဲ့ကုန်ပစ္စည်းတွေသာအရောင်းသွက်နေရခြင်းဖြစ်ပါတယ်။
-------------------------------------
အကုန်ခြုံငုံပြီးပြောရရင် customer စားသုံးသူတစ်ယောက်ရဲ့လိုအပ်ချက်ပဲဖြစ်ဖြစ်လိုအင်ဆန္ဒစတဲ့အရာတွေကိုဖြည့်ဆည်းပေးနိင်ပြီးဝန်ဆောင်မူနဲ့ဆက်ဆံရေးပြေပြစ်တယ်ဆိုရင်ပဲမိတ်ဆွေတို့ရဲ့ဆိုင်၊လုပ်ငန်း၊ကုန်ပစ္စည်းတစ်ခုဟာစားသုံးသူတွေကြားမှာအမြဲရေပန်းစားလူကြိုက်များနေမှာဖြစ်ပါတယ်။
(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)
Contact Us☎+959-969-412669
Comments