top of page
Search

Business Plan:Vision

📌ကျွန်တော်တို့ရဲ့ဝန်ဆောင်မူလုပ်ငန်းဖြစ်တဲ့

Business Plan (15)ချက်ထဲက Vision အကြောင်းကိုဒီနေ့ရှင်းပြပေးချင်ပါတယ်။👀

👁Vision👁

လူရယ်လို့ဖြစ်လာရင်အမေအဖေမွေးပေးကတည်းက

ကန့်သတ်ချက်တွေပါလာပါတယ်။အဲ့တာတွေကတော့အရင်ဘဝကပြုခဲ့တဲ့ကုသိုလ်၊အကုသိုလ်နဲ့ပဲဆိုင်ပါလိမ့်မယ်။

-------------------------------------


ဒါပေမဲ့မိဘအုပ်ထိန်းမှုအောက်ကလွတ်တာနဲ့ကန့်သတ်ချက်တွေပျောက်သွားမယ်၊ပိုအောင်မြင်လာမယ်လို့ဆယ်ကျော်သက်တွေအမြဲတွေးတတ်ကြပါတယ်။အိမ်ကထွက်မယ်ကွာလုပ်မယ်ကွာ၊ချမယ်ကွာနဲ့အပြင်ရောက်မှအဆောင်ငှားနေစရိတ်၊စားသောက်မူစရိတ်စသည်ဖြင့်စရိတ်ပေါင်းများစွာနဲ့ရင်ဆိုင်ရကြတယ်။အဓိကပြောချင်တာက Vision အမြင် လူတိုင်းကြိုးစားရင်ဘာမဆိုဖြစ်နိင်တယ်ဟုတ်ပြီမှန်တယ်ထောက်ခံတယ်။ကြိုးစားပုံချင်းမှာကွာသွားနိင်သလို၊ကံပေါ်လိုက်ပြီးလည်းကြာသွားနိင်တယ်။သူလုပ်ရင်ဖြစ်တယ် ငါလည်းလုပ်နိင်တယ် လုပ်ကြည့်တယ် ရှုံးနိမ့်တယ်ပြန်ထတယ် ထပ်ကြိုးစားတယ်ဆိုလူတော်ပေါ့ဒါပေမဲ့အမြင်တစ်ခုထဲနဲ့တော့ဖြစ်နိင်တယ်လို့တော့တွေးလို့မရဘူး။ တကယ်တမ်းပြောရရင်အမြင်မမှန်သေးတာပါ။

-------------------------------------


American Vision ကိုသွားပါဝါစစ်မျက်မှန်ဝယ်ချက်ခြင်းအမြင်ကြည်လာပေမဲ့ စီးပွားရေးအမြင်ကတော့အဲ့လိုချက်ခြင်းလုပ်ယူလို့တော့မရရပါဘူး။ ဒါ့ကြောင့်ကြည့်ပါ၊လေ့လာပါ၊သင်ယူပါ၊ဘယ်တော့မှအလျော့မပေးပါနဲ့၊ဘောင်တွင်းကနေပဲကြည့်မနေပါနဲ့ဘောင်ပြင်ထွက်ကြည့်ပါဒါဆို ဘယ်လုပ်ငန်းဘယ်ကိစ္စလုပ်လုပ်သူတကာထက်သာလွန်ပြီးအောင်မြင်မူရမှာသေချာပါတယ်။

ကျွန်တော်အဘိုးကပြောလေ့ရှိတဲ့စကားလေးတစ်ခွန်းရှိပါတယ်။အဘိုးကတော့ပါဠိလိုပြောတာပါ။ဘာသာပြန်ရရင်"အကြောင်းကြောင့်အကျိုးဖြစ်တယ်။"

-------------------------------------

ဗိုက်ဆာလို့ထမင်းစားတယ်။တကယ်မှန်တယ်နော်😁 အကြောင်ရင်းကဗိုက်ဆာတယ်။အကျိုးက ထမင်းစားဖို့ပြင်တယ်စားတယ်။အဲ့မှာအမြင်လိုလာပြီ ဘာလေးနဲမှစားချင်တာတို့၊ဟင်းရေသောက်လေးပါမှမြိန်တာတို့၊ငပိရေအတို့အမြုပ်လေးမှလို့စသည်ဖြင့်လိုအင်ဆန္ဒကြောင့်အမြင်ဖြစ်ပေါ်လာတယ်စိတ်သဏ္ဍန်မှာပေါ်လာတယ် စားချင်တာကိုဝယ်တယ်ချက်တယ်ဖြစ်အောင်လုပ်တယ်။အဲ့အပေါ်လိုက်ပြီးမှကိုယ့်အမြင်ကျယ်လာတယ်။အတို့အမြုပ်စားလို့ရမယ့်အပင်တွေစိုက်တယ်၊ပိုတာရောင်းတယ်၊ကုသိုလ်လဲရဝမ်းလဲဝပေါ့။မြန်မာနိင်ငံမှာအမြင်ရှိပြီးကိုယ်အိမ်အတွက်လည်းစိုက် ပိုလျှံတာပိုလည်းပြန်ရောင်းချပြီးစီးပွားဖြစ်နေတဲ့လယ်သမားတွေအများကြီးပါ။ဒါပေမဲ့....Business Plan ထဲကအမြင်တစ်ချက်သိပြီး

-------------------------------------


(၁၄)ချက်ကိုမသိသူလယ်သမားအချို့ ကတော့စပါးပေါ်ပျော် ဆိုင်ကယ်ဝယ်၊အသီးအနံပေါ်ပျော် ကားလေးဝယ်၊ အထွက်တိုး တော့ပြုံး ပြီးတော့အလှူတွေပေးနေကြတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာအမြင်အရဆိုလှူတာကိုအားပေးပါတယ်။

(ကျွန်တော့်ဘုန်းဘုန်းအရှင် U Aw Bar UawbarUAwbကမိန့်ဖူးပါတယ်။

ဒကာကြီး က ၁၀၀ လှူချင်ရင် ဒကာကြီးအိတ်ထဲမှာ ၁၀၀

ပါမှသာလှူလို့ရတယ်။အဲ့ဒီ ၁၀၀ ဆိုတာကလည့်ကိုယ့်အမေပေးလိုက်တဲ့စျေးဝယ်ဖို့ချွေးနဲစာလေးလို့သဘောထားကြည့် ဟုတ်ပြီ စကားပုံအရမလှူလို့မရှိမ​​​ဖြစ် အောင်လှူမယ်တဖက်သားအဆင်ပြေမယ် ကိုယ်အဆင်မပြေဘူးဆိုရင်တော့စိတ်သံယောဇဥ်မပြတ်တဲ့အလှူမျိုးကပိုပြီးဒုက္ခကြီးပါတယ်တဲ့။

အဲ့တော့ပိုရင်လှူမပိုသေးရင်စု​ကာရင်းနီးမြုပ်နှံသင့်ပါတယ်။

လောကီရေးရာမျက်စိကောလောကုတ္တရာရေးရာမျက်စိပါရှိသင့်ပါတယ်လို့အမြဲမိန့်ကြားပါတယ်။)ကိုယ့်စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။

Vision တစ်ခုရေးတဲ.အခါ


၁။ ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။


၂။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။


၃။ ပစ္စပ္ပန် မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။


၄။ ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။


၅။စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။


၆။ဦးနှောက်တွင်ပုံဖော်ကြည့်ပါ။


၇။ ️ ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။


၈။ ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

လူကြီးမင်းတို့ရဲ့ကုန်ပစ္စည်းများထိုးဖောက်နိင်ရန်ဝန်ထမ်းများကိုVisionထည့်ပေးပါ။နှီးနှောတိုင်ပင်ဆွေးနွေးရန်နှင့်

ဝန်ဆောင်မူအသေးစိတ်သိလိုပါကဆက်သွယ်ရန်..

Contact Us ☎+959-969-412669


 
 
 

Recent Posts

See All
Untitled

Wai Yan Hein Furniture and Wood Trading would love your feedback. Post a review to our profile. https://g.page/r/CQHKhZ4T66L_EBI/review

 
 
 
Dear Entrepreneurs

📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းမှာရှိတတ်တဲ့ အမှားဒါမှမဟုတ်ထင်မှတ်မထားတဲ့အပြစ်အနာအဆာလေးတချို့က...

 
 
 
Sale Department Vs KPI

📌ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့Sale Department အရောင်းပိုင်းနဲ့ပတ်သတ်ပြီးဆွေးနွေးတင်ပြပေးချင်ပါတယ်။...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Wai Yan Hein. Proudly created with Wix.com

bottom of page