top of page
Search

Business Plan:Mission

📌ဒီနေ့ကျွန်တော်ရှင်းပြပေးချင်တာကတော့Business Planရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ Mission🕺အကြောင်းပဲဖြစ်ပါတယ်။

-------------------------------------

စီးပွားရေးလုပ်တယ်ဆိုတာမြတ်ဖို့အတွက်သက်သက်ပဲလား။မြတ်ဖို့သက်သက်ဆိုရင်တော့ ရေရှည်တည်တံ့နိင်မှာမဟုတ်ပါဘူး။စျေးကြီးတယ်စျေးများတယ်အရည်သွေးနိမ့်လာတယ်ဆိုပြီးcustomersတွေကြားမှာ

ဝေဖန်ခံရမူမြင့်တက်လာပါမယ်။ဟုတ်ပါတယ် ကုန်ပစ္စည်းတစ်ခုဟာ Qualityကောင်းတယ် စျေးနှုန်းသင့်တင့်တယ် လူသုံးများလာတယ်။ဒါမဆန်းပါဘူး။ဒါပေမဲ့ဆန်းတာက အဲ့ကုန်ပစ္စည်းထဲကတချို့ဟာ ကြာလာလေQuality Control လျော့လာလေဖြစ်တတ်ပါတယ်။

အဓိက ကတော့Mission လိုအပ်နေတာပါ။တချို့ကLong Term Mission ထားပြီးရေကုန်ရေခမ်းကြော်ငြာတယ်။တချို့ကြတော့Short Term Mission ထားပြီးကြော်ငြာတယ်။နှစ်ခုစလုံးကောင်းပါတယ်။

အရည်အသွေးထိန်းသိနိးနိင်မူနဲ့စျေးကွက်ပေါ်ထားတဲ့Missonခံယူချက်လုပ်ဆောင်ချက်အပေါ်မှာပဲမူတည် ပြီးကွာခြားမူတွေဖြစ်လာတာပါ။

-------------------------------------

#အိမ်အပြင်ကိုအတတ်နိင်ဆုံး...

⛔ လုံးဝ မထွက်ဖြစ်အောင်

ကိုယ့််စိတ်ကိုယ် ထိန်းကြပါ ⛔


💪 အိမ်သားတွေကို သြဇာကြီးတဲ့သူက

ပြတ်ပြတ်သားသား စည်းကမ်းချထားပါ

-------------------------------------

စီးပွားရေးလုပ်ငန်းအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည့်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ သူတပါးရဲ့ဒုက္ခကိုစာနာနားလည်ပေးနိင်တဲ့

သူတွေသာ လိုအပ်ချက်နဲ့ညီတဲ့ကုန်ပစ္စည်းတွေကိုဝန်ဆောင်မူပေးနိင်မှာပါ။အပ်ချူပ်ပြီးအသက်မွေးတဲ့ရွာမှာတော့ အပ်မရောင်းသင့်ဘူးလို့ပြော စရာရှိပါတယ်။

အပ်ချုပ်သမားတွေရဲ့ဒုက္ခကို ခံစားနားလည်သူတွေကတော့ အပ်ချူပ်စက်ထွင်လာတယ်၊ အပ်ချုပ်စက်ကနေမော်တာတပ်ထားတဲ့စက်တွေအထိ တီထွင်လာတယ်။

ကိုယ့်အရပ်ဒေသနဲ့ကိုက်တဲ့ Mission ကိုထားပါ။တပါးသူရဲ့ဒုက္ခနဲ့လိုအပ်ချက်ကိုရှာဖွေပါ။အောင်မြင်ပါလိမ့်မယ်။

-------------------------------------

🚫 ဘယ်မှမသွားပါဖူး...။

🚫 လမ်းထိပ်ခနပါ ....ခနပါနဲ့ !


ကိုယ့်အိမ် လမ်းထိပ်ဟာ ....

" Covid ကင်းမဲ့ဇုံ " လို့.... ! ဘယ်သူက

သတ်မှတ်ပေးထားပါသလဲနော် 😕

-------------------------------------

ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။ အခုကျွန်တော်တို့အသုံးပြုနေတဲ့Facebookတည်ထောင်သူ မက်ခ်ဇူကာဘက် ကလည်း လူတွေရဲ့အချင်းချင်းအပြန်အလှန်ဆက်သွယ်လိုချင်စိတ်နဲ့ လိုအပ်ချက်အပေါ်ဖြည့်ဆည်းပေးရင်းသူကိုယ်တိုင်အတွက်ပါအောင်မြင်မူကြီးကိုရရှိခဲ့ပါတယ်။

သူသာအဲ့ခေတ်ခါကG-mail လေးကိုပဲတစ် ကမ္ဘာ ထင်ခဲ့ရင်တော့ကျွန်တော်လည်းအခုလိုစာတွေမရေးနိင်တော့ပါဘူး။အရင်လိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကြော်ငြာcompanyတွေကိုခြေတိုအောင်သွားနေရမှာအမှန်ပါပဲ။နိင်ငံရပ်ခြားနဲ့ဆက်သွယ်ရင် လည်းအရင်လိုအင်တာနက်ဆိုင်ကိုပြန်သွားပြီးဖုန်းဆက်နေရပါလိမ့်မယ်။ ဒါကြောင့်ပတ်ဝန်းကျင်ကိုကြည့်ပါ။ လေ့လာနေပါ။သင်ယူနေပါ။Mission တွေချမှတ်ပါ။

-------------------------------------💡🔊🔊🔉🔊🔊📢📢📢📢📢📢📣📣📣📣

နာမည်ကြီးအချိုရည် စက်ရုံပိုင်ရှင်ရဲ့အိမ်ထဲကနေ

အိမ်ပြင်တောင် မထွက်ပဲ အမြဲနေတဲ့ အမျိုးသမီးဟာ

ကိုယ့်ကားကိုယ်မောင်းပြီး Sg ကနေမှာထားတဲ့

H&M အကျီ ထုတ်လေးကို ခနလေး

သွားယူမိရာကနေ ကူးစက်ခံခဲ့ရပါတယ်။🔎

မဖြစ်မနေ ပစ္စည်းမှာခဲ့ရင်.... !!

🔺 အထုပ်ကို မကိုင်ခင် အရက်ပျံ or hand gel နဲ့

🔺 ပစ္စည်းထုပ်ကို အရင်ဖြန်းပါ ပွတ်ပါ။

🔺 နေရောင်ထဲ ခနထားပြီးမှ ယူပါ။

🔺 လာပို့တဲ့ delivery သမားနဲ့ ဝေးဝေးနေပါ။

ပြန်အမ်းငွေ မယူရအောင် ငွေကို

အတိအကျပေးနိုင်အောင် ပြင်ထားပါ။🔔

-------------------------------------

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ့ဖို့ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်းသေပါတယ်။

Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း?


🕺 Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။


👨‍💼 ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။


👩‍🏫. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။


👁Vision Vs Mission👩‍🏫

-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ W.Y.H Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming Lives Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။

အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်


Contact Us☎+959-969-412669


 
 
 

Recent Posts

See All
Untitled

Wai Yan Hein Furniture and Wood Trading would love your feedback. Post a review to our profile. https://g.page/r/CQHKhZ4T66L_EBI/review

 
 
 
Dear Entrepreneurs

📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းမှာရှိတတ်တဲ့ အမှားဒါမှမဟုတ်ထင်မှတ်မထားတဲ့အပြစ်အနာအဆာလေးတချို့က...

 
 
 
Sale Department Vs KPI

📌ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့Sale Department အရောင်းပိုင်းနဲ့ပတ်သတ်ပြီးဆွေးနွေးတင်ပြပေးချင်ပါတယ်။...

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2020 by Wai Yan Hein. Proudly created with Wix.com

bottom of page